“မိုခါ”မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ဟောင်ကောင်ခြေစိုက် အဖွဲ့အစည်းများက ကန်ဒေါ်လာ (၁) သောင်းနှင့် ဟောင်ကောင်ဒေါ်လာ (၂) သောင်းလှူဒါန်း

0
96

မြန်မာနိုင်ငံမှ “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဟောင်ကောင်အခြေစိုက် အဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ (၁)သောင်းနှင့်ဟောင်ကောင်ဒေါ် လာ (၂) သောင်းအား ဟောင်ကောင်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟောင်ကောင်အခြေစိုက် Marga Community Care မှ အမေရိကန်ဒေါ်လာ(၁၀၀၀၀)၊ Macao Association of Mutual Help of Myanmar Overseas Chinese မှ ဟောင်ကောင်ဒေါ်လာ (၁၀၀၀၀)၊ Macao Myanmar Chamber of Commerce မှ ဟောင်ကောင်ဒေါ်လာ (၅၀၀၀)နှင့် Bo Shi Hui Charity Fund Limited မှ ဟောင်ကောင်ဒေါ် လာ(၅၀၀၀)တို့အား ဇွန် (၁၄) ရက်က လာရောက်လှူဒါန်းရာကောင်စစ်ဝန်ချုပ်ဦးဟန်ဝင်းနိုင်မှ လက်ခံရယူ၍ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ယခုကဲ့သို့ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်ချက်များအား ပံ့ပိုးကူညီပေး၍ မြန်မာနိုင်ငံ အစိုးရကိုယ်စားကျေးဇူးတင်ရှိကြောင်းနှင့် အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု မြန်မာကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here