ရုရှားက ပေးပို့သည့် နျူလက်နက်များကို ဘီလာရုစ် စတင်လက်ခံ

0
163

ဘီလာရုစ်နိုင်ငံသည် ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို စတင် တင်သွင်း လက်ခံနေပြီဖြစ်ကြောင်း ၎င်းနိုင်ငံ၏ သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်သည် ဇွန်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး လူကာရှန်ကို၏ ပြောကြားချက်ကို ကိုးကားထားသော အချို့သတင်းများအရ ထိုနျူလက်နက်များထဲမှ အချို့သည် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့ကို အမေရိကက ကြဲချခဲ့သော အဏုမြူဗုံးများထက် သုံးဆ ပိုမိုအားကောင်းသည်ဟုဆိုသည်။

ရုရှားနိုင်ငံပိုင် တီဗွီချန်နယ် Rossiya-1 နှင့် အင်တာဗျူးတွင် လူကာရှန်ကိုက “ကျွန်တော်တို့မှာ ရုရှားဆီက ရထားတဲ့ ဒုံးကျည်တွေနဲ့ ဗုံးတွေ ရှိပါတယ်။ အဲဒီ ဗုံးတွေဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့ကို ကြဲခဲ့တဲ့ ဗုံးထက် သုံးဆ ပိုပြင်းတယ်” ဟု ပြောလာခဲ့သည်။

ထို့ပြင် သူက ဘီလာရုစ်တွင် ဆိုဗီယက်ခေတ်က ကျန်ခဲ့သော နျူကလီးယား သိုလှောင်ရုံ အများအပြားရှိပြီး ထိုထဲမှ ငါးရုံ သို့မဟုတ် ခြောက်ရုံကို ပြန်လည်အသုံးပြုနိုင်အောင် ပြင်ဆင်မွမ်းမံခဲ့သည်ဟု ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် လူကာရှန်ကိုက ရုရှားသည် ထိုနျူလက်နက်များ၏ အသုံးပြုခွင့်ကို ထိန်းချုပ်ထားသော်လည်း သူသာ အရေးပေါ် လိုအပ်သည်ဟု ခံစားရပါက ပူတင်ထံ အချိန်မရွေး ဖုန်းခေါ်ဆိုကာ အသုံးပြုခွင့် တောင်းနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here