ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးကို ဇူလိုင်လပထမပတ်အပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန်ဆောင်ရွက် နစက ဒုဥက္ကဋ္ဌ တိုက်တွန်း

0
164

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးကို ဇူလိုင်လ ပထမပတ်မှ စတင်ကာ လျှပ်စစ်ဓာတ်အား အမြန်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္က ဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဇွန် (၁၄) ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း – စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းနှင့် စစ်တွေ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁) အမှတ်(၂) ဆက်ရိုးကျ ဓာတ်အားခွဲရုံတို့သို့ ဓာတ်အားများပို့လွှတ်နိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

“စုစုပေါင်း ထရန်စဖော်မာ (၂၄၅) လုံးနဲ့ စစ်တွေမြို့အတွင်းက ရပ်ကွက် (၃၃) ရပ်ကွက်ကို ရာနှုန်းပြည့် ဓာတ်အားဖြန့် ဖြူးပေးနိုင်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်း ၁၀/၀ ဒသမ ၄ ကေဗွီဓာတ်အားခွဲရုံက စုစုပေါင်းထရန်စဖော်မာ ၂၉ လုံးနဲ့ ဇွန် (၇) ရက်မှာ မြို့ပေါ်ရပ်ကွက်တွေအားလုံးကို ရာနှုန်းပြည့်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်”ဟု နစက ဒု -ဥ က္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ကျန်ရှိနေသည့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များအားလုံးကို ဇူလိုင်လပထမပတ်အပြီးတွင် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန် ဆောင်ရွက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here