ပြည်ပ ပို့ကုန် ဆန်/ဆန်ကွဲများ ဖြင့် ပို့ကုန်ရငွေ ပိုမိုရရှိစေရေး လုပ်ဆောင်နေ

0
116

ပြည်ပပို့ကုန်ဆန်များ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီရန်လိုအပ်သလို ပြည်တွင်း၌လည်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

ဇွန်လ (၁၄) ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိကုန်သည်စက်မှုအသင်းချုပ်တွင် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် Sanitary and Phytosanitary – SPS Protocol ဆိုင်ရာ လုပ်ငန်းစဉ်များဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဆန်တင်ပို့ရာမှာ မိမိတိုရဲ့ ကုန်သွယ်ဖက် ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရန်အချက်များကို သိရှိစေဖို့ ၊ သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ဆန်/ဆန်ကွဲတွေကို ပြည်ပသို့တင်ပိုခြင်းဖြင့် ပို့ကုန်ဝင်ငွေရရှိဖို့မှီသလို ပြည်တွင်းမှာလည်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် ယနေ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ဆန်/စပါး လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၌ တာဝန်ယူမည့်သူများအနေဖြင့် ဆန်များကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ၎င်းတို့အ‌နေဖြင့် ပြည်ပသို့တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြန်လည်မျှဝေပေးစေလိုကြောင်းလည်း  ဦးရဲမင်းအောင်က ပြောသည်။ 

ယင်းဆွေးနွေးပွဲတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများအတွက် ဦးဆောင်သော အဖွဲ့အစည်းများ ၊ မြန်မာနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးစခန်း (၁၆)ခု ၊  သီးနှံပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစု၏ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်မှ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ရမည့် သိုလှောင်ရုံတွင် ကုန်ပစ္စည်း သိုလှောင်ထားရှိမှု စိစစ်ခြင်းနှင့် Pre-shipment inspection (PSI) Certificate လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here