စိန့်ပီတာစဘတ်မြို့ရှိ အပူစွမ်းအင်နှင့် ပတ်သက်သည့်အလုပ်ရုံ (၂) ခုအား ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သွား‌ရောက်လေ့လာ

0
72

အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဇွန် (၁၄) ရက် နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့ရှိ JSC Atomenergomash(AEM- Technologies’Izhora’)နှင့် Central Design Bureau of Mechanical Engineering အလုပ်ရုံများအား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် JSC Atomenergomash (AEM-Technologies ‘Izhora’) အပူစွမ်းအင်သုံးနှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေးနေသည့် အလုပ်ရုံရှိ အလုပ်ရုံအမှတ်(၃၃)(၃၄)အတွင်း အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံတွင် အသုံးပြုနေသည့် ဘွိုင်လာနှင့်တာဘိုင်ပစ္စည်းများ ထုတ်လုပ်တပ်ဆင်မှုများကို လေ့လာကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ JSC Atomenergomash(AEM- Technologies ‘Izhora’) ၏ Director General Mr.Kotov Igor မှ အလုပ်ရုံလည်ပတ်ဆောင်ရွက်နေမှု၊ ထုတ်လုပ်မှုတို့ကို ပြည်ထောင်စု ဝန်ကြီးအား Power Point Video Clip ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Central Design Bureau of Mechanical Engineering အလုပ်ရုံအားလေ့လာကြည့်ရှုရာ Production Director Mr. Alexy Kuzmin က အလုပ်ရုံမှ ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

Central Design Bureau of Mechanical Engineering အလုပ်ရုံသည် နှစ်ပေါင်း (၈၀) ကြာ အတွေ့အကြုံရှိ ဒီဇိုင်းဗျူရိုဖြစ်ကာ အပူစွမ်းအင်သုံး စက်ပစ္စည်းများ၊ ရေအေးစနစ်၊ ပန့်စနစ်၊ ပိုက်လိုင်းစနစ်များကို အဓိကထားထုတ်လုပ်လျက်ရှိပြီး အပူစွမ်းအင်သုံး စက်ရုံများ၊ရေယာဉ်တပ်ဆင်ထုတ်လုပ်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထု တ်လုပ်မှုလုပ်ငန်းများ၌ လိုအပ်သည့် စက်ပစ္စည်းများထုတ်လုပ်ပေးခြင်း၊ ဒီဇိုင်းရေးဆွဲထုတ်လုပ်ပေးခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here