တပ်မတော်(လေ)မှ လေ့ကျင့်ရေး ရဟတ်ယာဉ်ပျက်ကျ၍ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသား သေဆုံးကြောင်း နစက ထုတ်ပြန်

0
191

ယနေ့ ဇွန်လ (၁၅) ရက် နံနက်ပိုင်းတွင် တပ်မတော်လေမှ လေ့ကျင့်ရေး ရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့သဖြင့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသား သေဆုံးသွားကြောင်း သိရသည်။

နစက၏ ထုတ်ပြန်ချက်အရ နေပြည်တော်မှ မိတ္ထီလာသို့ ပျံသန်းနေစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာတွင် ရုတ်တရတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ကျဆုံးခဲ့ရကြောင်းသိရှိရပြီး ရဟတ်ယာဉ်မှာ ပျက်စီးသွားခဲ့‌ကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here