တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီ သားဦးလေးဖခင်ဖြစ်လာ

0
242

ဆိုးလ်၊ဇွန် ၁၅

The Descendants Of The Sun ဇာတ်ကားဖြင့်နာမည်ကြီးလာသည့် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် ဆောင်းဂျွန်ကီသည် ၎င်း၏ဇနီးကက်တီလူးဝစ်ဆောင်ဒါက သားဦးလေးကိုဖွားမြင်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့သည်။

ဆောင်းဂျွန်ကီက ပရိသတ်များထံပြောကြားရာ၌ ၎င်းတို့သည် သားဦးလေး၏မိဘများဖြစ်သွားကြပြီဖြစ်ကာ ကလေးငယ်အား ၎င်းဇနီး၏ဇာတိဖြစ်သည့် ရောမမြို့၌ပင်မွေးဖွားခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

“အခုလက်ရှိတော့ ကလေးရောမိခင်ရောကျန်းမာရေးကောင်းပါတယ်၊ကျွန်တော်တို့အတွက် ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်လာစေဖို့သားလေးကအင်မတန်ကောင်းတဲ့လက်ဆောင်ပါပဲ၊ကျွန်တော့်ကိုအမြဲအားပေး၊ချစ်ခင်ပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဆောင်းဂျွန်ကီသည် ၎င်း၏ဇနီးဆောင်ဒါနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကလက်ထပ်ခဲ့ခြင်းဖြစ်ပြီး ဆောင်ဒါနှင့်လက်မထပ်မီက The Descendants Of The Sun ဇာတ်ကား၌ ၎င်းနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သူ ဆောင်းဟေကိုနှင့် ၂၀၁၇ ခုနှစ်ကလက်ထပ်ခဲ့ဖူးသေးသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here