ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူမည်

0
270

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၁၅၂) ဦးကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိ‌ပေး ထုတ်ပြန်ထားသည်။

အဆိုပါ အလုပ်သမား (၁၁၅၂) ဦးသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကမ်းလှမ်းလာသည့် အလုပ်ခေါ်စာများကို ဇွန် (၁) ရက်မှ (၁၅) ရက်အတွင်း စိစစ်ထားသည့် အလုပ်ကမ်းလှမ်းစာ (၃၅၂) ခုအတွက်ဖြစ်ပြီး ယင်းအ လုပ်ကမ်းလှမ်းစာ (၃၅၂) ခုကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့် စာရွက်စာတမ်း အထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် အလုပ်သမားဝန်ကြီး ဌာနသို့ ပြန်လည်ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို မြန်မာပြည်တွင်းရှိ တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများမှတဆင့် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here