မကာအို ကုန်စည်ပြပွဲများတွင် မြန်မာ့ထွက်ကုန်များ ပါဝင်ပြသနိုင်ရေး နှစ်နိုင်ငံ ဆွေးနွေး

0
143

မကာအို အထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပသည့် ကုန်စည်ပြပွဲများတွင် မြန်မာ့ထွက်ကုန်များ ပါဝင်ကာ ခင်းကျင်းပြသနိုင်ရေး နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၅) ရက်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အခြေစိုက်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူးချုပ် H.E. Mr. Ho Iat Seng တို့ တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာကောင်စစ်ဝန်ချုပ်က မကာအိုအထူးအုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပသည့် ကုန်စည်ပြပွဲများတွင် မြန်မာ့ထွက်ကုန်များ ခင်းကျင်းပြသနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံက လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here