စာဖတ်ခြင်းယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအတွက် ​မေလမှစ၍ “စာဖတ်ပြပါ”အစီအစဉ်ပြုလုပ်မည်

0
154

အာဆီယံနိုင်ငံ အမျိုးသားစာကြည့်တိုက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ ကလေးသူငယ်ဆိုင်ရာ အမျိုးသားစာကြည့်တိုက်တို့ ပူးပေါင်းပြုလုပ်သည့် အာဆီယံ ကလေး သူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးစီမံကိန်းအရ “စာဖတ်ပြပါ” အစီအစဉ်အတွက် “စာဖတ်ပြခြင်း သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ” ကို ဇွန်လ ၁၅ ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ  “စာဖတ်ပြပါ” အစီအစဉ်ကို ၂၀၂၃ ခုနှစ် မေလမှ စက်တင်ဘာလ အတွင်း ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ အစီအစဉ်သည် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်များအတွက် စာဖတ်အလေ့အကျင့် တိုးပွားစေရန်နှင့် အသိပညာ ဗဟုသုတရရှိစေနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအတွက် ကောင်းမွန်သည့် အလေ့အထ ထွန်းကားရေးနှင့် ပညာဗဟုသုတရှာရာတွင် စာကြည့်တိုက်များက ထောက်ပံ့ကူညီပေးနိုင်သည့်အတွက် လူငယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်ကာ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကပြောကြားခဲ့သည်။

အဆိုပါ “စာဖတ်ပြပါ” အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းစာကြည့်တိုက်များ ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကိုယ်ထူ ကိုယ်ထ စာကြည့်တိုက်များ၊ အမျိုးသား စာကြည့်တိုက် (ရန်ကုန်၊ နေပြည်တော်) တို့မှ စာကြည့်တိုက်မှူးများက ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုဇွန်လအတွင်း၌ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) မှ စာကြည့်တိုက်မှူးများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here