အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းများ၌ ဒေါ်လာ ဘီလျံပေါင်းများစွာ TikTok ရင်းနှီးမြှုပ်နှံမည် – အမှုဆောင်အရာရှိချုပ် ချုး လျှိုကျီး

0
222

ဂျာကာတာ၊ ဇွန် ၁၆

ဗီဒီယိုမျှဝေသည့် အက်ပလီကေးရှင်း Tiktok သည် လာမည့်နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) သို့ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

Tiktok သည် ၎င်း၏ မူလရည်ရွယ်ချက်ဖြစ်သော ဖျော်ဖြေရေးအက်ပ် အဖြစ် သာမက စီးပွားရေးလုပ်ငန်းများကိုပါ လုပ်ကိုင်နိုင်သော အက်ပ်တစ်ခု ဖြစ်လာရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

ထိုသို့ ကြိုးပမ်းနေခြင်း နှင့် ပတ်သက်၍ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ချူး လျှိုကျီးက Tiktok သည် အင်ဒိုနီးရှား တစ်နိုင်ငံတည်း၌ စီးပွားရေးလုပ်ငန်း ငါးသန်း အပါအဝင် အရှေ့တောင်အာရှ ဒေသ တစ်ခုလုံးရှိ အသေးစား စီးပွားရေးလုပ်ငန်း ၁၅ သန်းကျော်အတွက် ပလပ်ဖောင်းတစ်ခု ထောက်ပံ့ပေးထားပြီ ဖြစ်ကြောင်း ဇွန်လ ၁၅ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“လာမယ့်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြုပ်နှံသွားမယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ ကြေညာချင်ပါတယ်” ဟု ချူးက ဆိုသည်။

ငွေပမာဏနှင့် မည်သည့်အချိန်၌ ရင်းနှီးမြှုပ်နှံသွားမည်ဆိုတာကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း လာမည့်သုံးနှစ်အတွင်း စွန့်ဦးတီထွင်သူများ၊ လူငယ်များနှင့် SMEs ပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်းအား ပံ့ပိုးပေးသွားမည်ဟု ချူးက ပြောခဲ့သည်။

ထို့ပြင် Tiktok အလီဘာဘာကဲ့သို့ အွန်လိုင်း ဈေးရောင်းဝယ်ရေး ပလက်ဖောင်းဖြစ်သည့် Tiktok Shop ၌ ပါဝင်ရန် စိတ်အားထက်သန်နေသော ဈေးသည်များအား လေ့ကျင့်သင်ကြားပေးခြင်း၊ ကြေငြာပေးခြင်းနှင့် ပံ့ပိုးပေးခြင်းတို့တွင်လည်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

Source:The straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here