MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ ကျင်းပမည်

0
198

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲအုပ်စု(က)မှ 16/1 FC နှင့် Seven FC ၊ Imperium FC နှင့် Taw Win Nan FC ၊ B3D FCT FC နှင့် Sar Bal Gyi Doh FC ၊ AUY FC နှင့် Galaxy FC တို့၏ အဖွင့်ပွဲစဥ်များကို နံနက် ၉ နာရီမှ စတင်ကာ ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲတွင် အသင်းပေါင်း ၄၁ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here