တရုတ်နှင့် မြန်မာအသင်းခြေစမ်းကစားရာ တရုတ်က ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိ

0
109

မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ် လက်ရွေးစင်အသင်း တို့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ယနေ့ဇွန်လ ၁၆ ရက် မြန်မာစံတော််ချိန် ညနေ ၅ နာရီက တရုတ်နိုင်ငံ ဒါလီယန်းမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပွဲစဉ်တွင် တရုတ်လက်ရွေးစင်အသင်းက ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့် မြန်မာ့ လက်ရွေးစင်အသင်းကို အနိုင်ရရှိသွားခဲ့သည်။

တရုတ်လက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်သေချာမည့် ဂိုးများ ဆက်လက်သွင်းယူခဲ့ကာ ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လ ၁၉ ရက်တွင် မကာအိုလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ဆက်လက်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်က အရှေ့တီမောအသင်းကို အနိုင်ရရှိပြီးနောက်ပိုင်း ၁၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here