ဆွစ်ဇာလန်၌ ပလပ်စတစ်စွန့်ပစ်ပစ္စည်းပမာဏမြင့်တက်လာမှုအား သတိပေးသည့်အနေဖြင့် ပန်းခြံထဲ၌ဧရာမပလပ်စတစ်ဗူးပုံတူပန်းချီရေးဆွဲသတိပေးခဲ့

0
103

လိုဆန်း၊ဇွန် ၁၆

ဆွစ်-ပြင်သစ် ကပြား ပန်းချီဆရာတစ်ဦးသည် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းလာမှုနှင့်ပတ်သက်၍ အသိပညာပေးရန်အတွက် ဆွစ်ဇာလန်ပန်းခြံမြက်ခင်းပြင်ပေါ်၌ ဧရာမပလပ်စတစ်ပုလင်းပုံစံ ပုံတူပန်းချီတစ်ခုအားရေးဆွဲပြီးသတိပေးခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ မစ်ဆီယာ စေပေး သည် ယခုကဲ့သို့ ဧရာမပလပ်စတစ်ဗူးပုံအားရေးဆွဲနိုင်ရန် မြေဖြူနှင့်မီးသွေးများကို အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်ကာ အဆိုပါဗူး၏အရွယ်အစားပမာဏသည် တင်းနစ်ကွင်းသုံးကွင်းစာနီးပါးအရွယ်အစားရှိကြောင်းသိရသည်။

မစ်ဆီယာ စေပေး ၏ပြောကြားချက်အရ ၎င်းရေးဆွဲထားသော အဆိုပါပလပ်စတစ်ဗူးပုံတူပန်းချီသည် နှစ်ပတ် (သို့မဟုတ်) သုံးပတ်ခန့်အထိခံနိုင်ကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here