မကွေးတိုင်းနှင့်မန္တလေးတိုင်းတို့၌ဖော်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်းများအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ရုရှားနိုင်ငံမှကုမ္ပဏီတို့ MOU ရေးထိုး

0
168

မကွေးတိုင်းနှင့်မန္တလေးတိုင်းတို့၌ဖော်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ရုရှားနိုင်ငံမှ Nova Wind JSC ၊ Primus Advanced Technologies Ltd. နှင့် Nova Wind JSC ၊ Zeya & Associates Co.,Ltd. တို့နားလည်မှုစာချွန်လွှာ MOU များရေးထိုးခဲ့ကြသည်။

ရုရှားနိုင်ငံ၊စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF’23)၏ ဇွန် ၁၅ ရက်ကပြုလုပ်သည့် ဒုတိယနေ့အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့်ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးတို့တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်း မင်းလှ(၁၁၆ မဂ္ဂါဝပ်)နှင့်မင်းတုန်း(၅၆ မဂ္ဂါဝပ်)လေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Primus Advanced Technologies Ltd. တို့ပူးပေါင်းမှုနားလည်မှုစာချွန်လွှာ(MOU) ရေးထိုးခဲ့ကြသည်။

ထို့ပြင် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့ နယ်နှင့်ညောင်ဦးမြို့နယ်တို့တွင် ပုပ္ပါး(၂၀၀ မဂ္ဂါဝပ်)လေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Zeya & Associates Co.,Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ(MOU)ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် Rosatom ၏ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နှင့်‌တွေ့ဆုံ၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here