ဇူလိုင်လမှစ၍ ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းမည်

0
83

ရုရှားနှင့် မြန်မာ နှစ်နိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယခုနှစ် ဇူလိုင်လမှစ၍ စတင်ပျံသန်းမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။

ယင်းပြောကြားချက်ကို ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာစီးပွားရေးဖိုရမ် SPIEF-2023 တွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘Myanmar Airways International ရဲ့ပျံသန်းမှု နောက်လမှာ စတင်တော့မှာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့ကနေ ရုရှားနိုင်ငံ၊ မော်စကိုနဲ့ နိုဗားစဗက်မြို့တွေကို တစ်ပတ်တစ်ကြိမ် ပျံသန်းသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ရုရှားနိုင်ငံသားများအတွက် ခရီးသွားဗီဇာကင်းလွတ်ခွင့် ပြုခဲ့ကြောင်းနှင့် ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းပါက မြန်မာနိုင်ငံသို့ တတိယအများဆုံး လာရောက်သည့် ခရီးသွားဧည့်သည်အဖြစ် ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here