အောင်မြေသာစံမြို့နယ်ရှိ သင်္ဂဇာချောင်းအတွင်းသို့ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားခုန်ချသေဆုံး

0
85

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်ရှိ သင်္ဂဇာချောင်းအတွင်းသို့ ဇွန် ၁၆ ရက်ညပိုင်းက စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦးခုန်ချ၍သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊ ၇၆ လမ်းနှင့် ၁ လမ်းရှိ သင်္ဂဇာချောင်းထဲသို့ အမျိုးသားတစ်ဦးခုန်ချသွားကြောင်း သတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေခဲ့ကြသည်။

“သူက စိတ်ကျန်းမာရေးချို့တဲ့နေတော့ ရေထဲခုန်ချရင်ဘယ်လိုဖြစ်မယ်ဆိုတာသူမသိဘူးပေါ့ အကုန်လုံးဝိုင်းရှာခဲ့ကြတာမှာ ည ၈ နာရီကျော်လောက်ပြန်တွေ့ခဲ့ပါတယ် ရှာဖွေချိန်သိပ်မကြာလိုက်ပါဘူး သက်လတ်ပိုင်းအရွယ်လောက်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here