ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့်တရားသူကြီးများခန့်အပ်

0
220

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်အဖြစ် ဒေါ်မြအေးနှင့်တရားသူကြီးအဖြစ် ဒေါ်စောရွှေတို့အား ခန့်အပ်ခဲ့ကြောင်း နစက မှ ဇွန် ၁၇ ရက်ကထုတ်ပြန်ခဲ့သည်။

နစက မှဒေါ်မြအေးအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု အမိန့်အမှတ် ၃၇/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်စောရွှေအား နစက မှ ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ခဲ့သည်ဟု အမိန့်အမှတ် ၃၈/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ခန့်အပ်ခြင်းအား အမိန့်အရ နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here