ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန် UNWTO အပြင် အဖွဲ့ဝင်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

0
184

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်ဖွံဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် UNWTO အပြင် အဖွဲ့ဝင်အားလုံးနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက ပြောသည်။

ဇွန် (၁၆) ရက်နံနက်ပိုင်းက ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများ ပူးတွဲကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလမတိုင်မီကပင် မြန်မာနိုင်ငံခရီးသွားဥပဒေနှင့် ခရီးသွားများ၏ စားသုံးသူအခွင့်အရေးကာကွယ်ပေးရေးဆိုင်ရာ ဥပဒေတို့ဖြင့် ကမ္ဘာလှည့်ခရီးသွားများကို အကာ အကွယ်ပေးခဲ့သည်ဟု သံအမတ်ကြီးက ဆိုသည်။

ကိုဗစ်ကာလအလွန်တွင် အရေးပေါ် ကာလအခြေအနေတွင်လည်း ကမ္ဘာလှည်ခရီးသွားများကို အပြည့်အဝကာကွယ်ပေးနိုင်ရန် ပြည်တွင်း၌ မူဝါဒများနှင့် ဥပဒေများ ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် UNWTO အပြင် အဖွဲ့ဝင်များအားလုံးနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးသည် ဇွန် ၁၅ ရက်ကကျင်းပခဲ့သည့် UNWTO ၏ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်ရေး နိုင်ငံတကာကျင့်ထုံး ဥပဒေဆိုင်ရာ ညီလာခံ(Conference on the International Code for the Protection of Tourists–ICPT) သို့ တက်ရောက်ခဲ့ရာ UNWTO- Asia Pacific ညွှန်ကြားရေးမှူးက ICPT အား ပထမဆုံးထောက်ခံသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း ညီလာခံသို့အထူးတလည် အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ဇွန် ၁၆ ရက်မွန်းလွဲပိုင်းကကျင်းပခဲ့သည့် (၅၅) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသကော်မရှင်အစည်းအဝေးသို့တက်ရောက်၍ UNWTO အရှေ့အာရှပစိဖိတ်ဒေသများအုပ်စု၏ အမှုဆောင်ကောင်စီအဖွဲ့ဝင် (၂၀၂၃-၂၀၂၇)လစ် လပ်နေရာရွေးချယ်မှုအပါအဝင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်၏ ကဏ္ဍအလိုက် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရွေးချယ်ရာ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဆန္ဒမဲပေးရွေးချယ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here