နူကလီးယားကဏ္ဍသည် သိပ္ပံပညာတိုးတက်မှုနှင့် နည်းပညာအခက်အခဲများကိုကျော်လွှားရန် များစွာအထောက်အကူဖြစ်စေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးပြော

0
234

ဇွန် ၁၆ ရက်နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF ’23) တတိယနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Role of the Nuclear Industry in Achieving Technological Sovereignty and Technologies of the future ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က နူကလီယားလုပ်ငန်းသည် Technological Sovereignty ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်နှင့်အနာဂတ် နည်းပညာဖွံ့ဖြိုးတိုးတက်လာရေးတို့တွင် အရေးပါသည့်အခန်းကဏ္ဍကပါဝင်ကာ Nuclear Industry သည် သိပ္ပံပညာရပ်များတွင် တိုးတက်မှုနှင့်နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကိုကျော်လွှားရန်များစွာအထောက် အကူဖြစ်စေသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် Nuclear Technology ကို ဓာတ်အား ထုတ်လုပ်သည့် နေရာတွင်သာမက အခြားကဏ္ဍများ တွင်လည်း အသုံးချဆောင်ရွက်လျက်ရှိကာ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ လုံခြုံမူ နှင့်အကျိုးများမူ တိုးတက်မြင့်မားလာခြင်းသည် ရေရှည်အသုံးပြုနိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး ဆေးပညာ၊စက်မှု၊စိုက်ပျိုးရေးနှင့်အာကာသသို့ သွားရောက်စူးစမ်းရှာဖွေမှုကဏ္ဍအမျိုးမျိုးတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် များစွာအထောက်အကူပြုလျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ကာဗွန်ဒိုင်အောက်ဆိုက်ကင်းစင်သည့် ကမ္ဘာ့စီးပွား​ရေး အတွက် ယနေ့ ရုပ်ကြွင်း​လောင်စာအပေါ် မှီခိုနေသည့် ကဏ္ဍအားလုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချသွားရန်လိုပြီး ယင်းအခြေအနေကိုရောက်ရန် နူကလီးယားစွမ်းအင်သည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။

ထို့ပြင်နူကလီးယားစွမ်းအင်သည် ရေအားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက်
မထုတ်လွှင့်သည့် စွမ်းအင်အရင်းအမြစ်ဖြစ်ကာ Technological Sovereignty ရရှိရန် Nuclear Industry မှာ သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လိုအပ်ပြီး မျိုးဆက်သစ်သိပ္ပံ ပညာရှင်များ၊ အင်ဂျင်နီယာများနှင့်အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်လိုသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် Nova Wind JSC နှင့် အတူ System Operator of the United Power System, Joint –stock Company ၏စီမံ​ရေးရာဘုတ်အဖွဲ့ဥက္ကဌ Mr. Ferdor Opadchiy နှင့် တွေ့ဆုံ၍ ဓာတ်အားစနစ် တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဓါတ်အားစနစ် စီမံကိန်း အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here