သီလရှင်အပါး ၄၀၀ရှိ​သော ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရိယတ္တိစာသင်တိုက်တွင်ဝါတွင်းအလှူရှင်များရှားပါး

0
191

“ဆုလာဘ်ပိုင်”ဖောင်ဒေးရှင်းမှ နေပြည်တော်၊ လယ်ဝေးမြို့ရှိ သီလရှင်များအပါအဝင် စာသင်သား၊ သီလရှင်အပါး ၄၀၀ ကျော်ရှိသည့် ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရိယတ္တိစာသင်တိုက်သို့ ဇူလိုင်လ ၅ ရက်၊ နံနက်ပိုင်းက ဆွမ်းဆန်နှင့်ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျောင်းမှာ သီလရှင်အပါး ၄၀၀ ကျော်ရှိပါတယ်။ တစ်နေ့ကို ဆွမ်းက ဆန် ၂၄ ပြည်၊ ၃ အိတ် ချက်ရတယ်လို့သိရတယ်။ အခုကာလမှာက စာသင်တိုက်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းသူ ရှားပါးနေပါတယ်။ တစ်လကို ဆွမ်းကပ်လှူဒါန်းမှုက ၅ ရက်လောက်ပဲရှိတာကြောင့် ဆွမ်းအခက်အခဲကြုံနေရတယ်ဆိုတာသိရလို့ အခုလိုစီစဉ်လှူဒါန်းခဲ့တာပါ “ဟု ဆုလာဘ်ပိုင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်ဘိုဘိုက ပြောကြားသည်။

ထိုသို့ လှူဒါန်းရာ၌ ၂၄ ပြည်ဝင်ဆွမ်းဆန်အိတ် (၁၀၀)လုံးနှင့် ဆီ (၃၀)ပိဿာကို လိုအင်ဖြည့်အလှူအဖြစ် “ဆုလာဘ်ပိုင်”ဖောင်ဒေးရှင်းနှင့် အလှူရှင် (၅) ဦးတို့ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here