MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲတွင် Black Cross FC ဗိုလ်စွဲ

0
209

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယနေ့ ဇူလိုင် ၆ ရက်တွင် MFF Futsal Stadium ၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲစဉ်အဖြစ် Black Cross FC နှင့် City Dagon FC တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး သာမန်ပွဲကစားချိန်ပြည့်ချိန်တွင် တစ်ဖက် ၅ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေသည့်အတွက် ထပ်ဆောင်းအချိန်ပို ကစားရာတွင် ၈ ဂိုး ၆ ဂိုးရလဒ်ဖြင့် Black Cross FC က အနိုင်ရဗိုလ်ဆွဲသွားခဲ့သည်။

တတိယနေရာလုပွဲစဉ်အဖြစ် KKY FC နှင့် Yangon Royal Group FC တို့ယှဉ်ပြိုင်ကစားခဲ့ရာ KKY FC က ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို Black Cross FC နှင့် City Dagon FC တို့ပွဲစဉ် အပြီးတွင် MFF Futsal Stadium ၌ဆက်လက်ကျင်းပခဲ့သည်။

ပထမဦးစွာ MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ၏ Final ပွဲစဉ်ကို ကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကို ဒိုင်ကောင်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က အမှတ်တရဆုတံဆိပ်များ ပေးအပ်ခဲ့သည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သည့် Yangon Royal Group FC ကို အမှတ်တရဆုနှင့် ငွေသားကျပ် ၂ သိန်းကို ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသော City Dagon FC မှ စည်သူအောင်ကို ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ အကောင်းဆုံးဂိုးသမားဆု ရရှိသော Black Cross FC မှ နိုင်ဝင်းအောင်ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော် တို့က အမှတ်တရဆုနှင့် ငွေသားဆု ကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့သည်။

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲ၏ တတိယရရှိသော KKY FC ကို သင်္ဃန်းကျွန်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်က တစ်ဦးချင်းဆုများ ပေးအပ်ခဲ့ပြီး KKY FC အနေဖြင့် ရရှိခဲ့သည့် ဆုကြေးငွေကျပ် သိန်း(၁၀)ကို အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးအောင်မိုး ကချီးမြှင့်ခဲ့သည်။

ဒုတိယဆု ရရှိခဲ့သော City Dagon FC ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီး ဦးမျိုးမြင့်အောင်က ဆုများပေးအပ်ခဲ့ပြီး City Dagon FC အနေဖြင့်၏ တစ်ဦးချင်းဆုတံဆိပ် နှင့် ဆုကြေးငွေ ကျပ်(၁၅)သိန်းကို ရရှိခဲ့သည်။

ပြိုင်ပွဲ၏ ချန်ပီယံဆု ရရှိခဲ့သော Black Cross FC အသင်းကိုရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဥပဒေချုပ် ဝန်ကြီးဦးဌေးအောင် က ဆုများပေးအပ်ခဲ့ပြီး Black Cross FC အနေဖြင့်တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ဆုကြေးငွေကျပ် သိန်း(၂၀) ကို ရရှိခဲ့ကြောင်း သိရသည်။

MFF Carabao Futsal Amateur Cup 2023 ပြိုင်ပွဲကို ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းပေါင်း ၄၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here