Saturday, December 21, 2024

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန်...

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့်...

HomeNewsLocal Newsမြန်မာ့ကော်ဖီကိုနိုင်ငံခြားသို့တင်ပို့ရာတွင် Export ကော်ဖီစေ့...

မြန်မာ့ကော်ဖီကိုနိုင်ငံခြားသို့တင်ပို့ရာတွင် Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိ

မြန်မာ့​ကော်ဖီသည်ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အလားအလာရှိ​နေ

မြန်မာ့ကော်ဖီကို အင်္ဂလန်၊ အမေရိကန်၊ ဂျပန်နှင့် သြစတေးလျနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကော်ဖီဈေးကွက်တွင် ကော်ဖီစေ့ အရည်အသွေးကောင်းပါက Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိပြီး အရည်အသွေးနိမ့်ပါက ကော်ဖီစေ့(၁)တန်လျှင် ကျပ်သိန်း ၅၀ အထက် ရရှိကြောင်း ၊ ပြည်ပတင်ပို့မှုအနေဖြင့် အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊သြစတေးလျနိုင်ငံ၊တရုတ်နှင့်ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်းနှင့် ယခုနှစ်ပိုင်းတွင် 2 in 1၊ 3 in 1  အဖြစ်တန်ဖိုးမြှင့်ထုတ်လုပ်ရန်ပြည်တွင်းလုပ်ငန်းရှင်များမှလည်း အရည်အသွေးကောင်း ကော်ဖီစေ့ကိုသာဝယ်ယူ ထုတ်လုပ်လာခြင်းကြောင့် ပြည်တွင်း ၊ ပြည်ပ ဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် လာမည့်နှစ်များအတွင်း စိုက်ဧက နှစ်သိန်းခန့်ရှိရန် ရည်မှန်းစိုက်ပျိုးခဲ့ပြီး နှစ်အလိုက် ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ရာ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် တန်ချိန် ခြောက်သောင်းအထိ ရှိလာရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

နိုင်ငံပိုင် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံများသည် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားဖြစ် ကော်ဖီထုတ်လုပ်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး ပြည်ပသို့ တင်ပို့ရောင်းချရန်နှင့် ပြည်တွင်းစားသုံးမှု ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့်အပြင် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့် ပျိုးပင်များဖြန့်ဖြူးပေးခြင်း၊ နည်းပညာများ ပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံပိုင်ခြံများ၏ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု ဧရိယာမှာ ၃၂၆ ဟက်တာရှိပြီး ပင်အို၊ ပင်ဟောင်းများကို အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းမျိုးများဖြင့် အစားထိုးလဲလှယ်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုအခါ မြန်မာ့ကော်ဖီဈေးကွက်မှာ မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ် သာမက တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချပေးနိုင်ပါက ဈေးကွက်ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း၊  မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများကပင် စိတ်ဝင်စားလာလျက်ရှိနေရာ ကော်ဖီ စိုက်ပျိုးသူ တောင်သူကြီးများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသော ကော်ဖီမျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက တန်ဖိုးမြှင့် ကော်ဖီများထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အလားအလာရှိနေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လိုအပ်ချက်ထက် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်၍ လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထိုသို့ လျော့နည်းနေရခြင်းမှာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖျက်ဆီးခံရမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုများအရ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့်...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့် ယန်း သန်း ၁၀၀(ဒေါ်လာ ၆၄၀၀၀၀) ကို ပြည်တွင်းအာကာသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယာမာဂူချီ စီရင်စုတွင် တည်ရှိသည့် အဆာဟိ ရှူဇိုကုမ္ပဏီက နိုင်ငံတကာ အာကာသစခန်းတွင် ဆာကေး အရက် ချက်ရာ၌ အသုံးပြုသည့် ဆန်နှင့် အခြားကုန်ကြမ်းများကို ကဇော်ဖောက်ရန် စီစဉ်နေသည်ဟု မကြာခင်က ပြောဆိုခဲ့သည်။ ယင်း...