ရပ်နားထားသည့် ဗုဒ္ဓဂယာ စင်းလုံးငှား လေယာဉ်ခရီးစဉ်များ စက်တင်ဘာလတွင် စတင်ပျံသန်းနိုင်ရန် စီစဉ်နေ

0
147

ပြီးခဲ့သည့် မတ်လမှစတင်ကာ ပျံသန်းမှုယာယီရပ်နားခဲ့သည့် ဗုဒ္ဓဂယာ စင်းလုံးငှားလေယာဉ်ခရီးစဉ်များကို လာမည့် စက်တင်ဘာလတွင် စတင်ပျံသန်းရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ သိရသည်။

လာမည့် ပွင်းလင်းရာသီတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် သွားရောက်လိုသူများအတွက် ရန်ကုန် – ဂယာ – ရန်ကုန် စင်းလုံးငှား လေယာဉ်ခရီးစဉ်ကို လာမည့် စက်တင်ဘာလမှစ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် ပျံသန်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို MNA လေကြောင်းလိုင်း၏ တစ်ဦးတည်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်ဖြစ်သည့် Interconnection Travels Co.,Ltd. သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ရန်ကုန် – ဂယာ – ရန်ကုန် စင်းလုံးငှားလေယာဉ်ခရီးစဉ်များကို အောက်တိုဘာလတွင် စတင်ပျံသန်းပေးခဲ့ပြီး ယခုနှစ်မတ်လတွင် ပျံသန်းမှုရပ်နားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here