ထိုင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

0
119

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် ဩဂုတ်လ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ချက်အသင်း၊ မိုဇမ်ဘစ်အသင်း၊ အာဖဂန်နစ်စတန်အသင်း၊ ဆော်လမွန် ကျွန်းစုနိုင်ငံ အသင်း၊ ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို သုံးသင်းနှစ်အုပ်စု ခွဲကာ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဖိုင်နယ်ပွဲစဉ်များ အဖြစ် အဆင့်ဆင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်သူနည်းပြ (၉)ဦး၊ ကစားသမား (၂၄)ဦးဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here