ကျောက်ကြီး – နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ ကွန်ကရစ်ပြွန်ပေါက် တံတား မိုင်းခွဲဖျက်ဆီးခံရ

0
131

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ ကျောက်ကြီး-နတ်သံကွင်းသွား ကားလမ်းပေါ်ရှိ ကွန်ကရစ်ပြွန်ပေါက် တံတားကို လက်နက်ကိုင်အဖွဲ့ဝင်များက ယနေ့ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် (၆) နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ကျောက်ကြီးမြို့၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအနီး ကျောက်ကြီး – နတ်သံကွင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၅/၄ ရှိ ကွန်ကရစ်ပြွန်ပေါက် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ခေါ်တာကတော့ အဲဒီတံတားကို ဖားကွတံတားလို့ခေါ်တယ်။ တံတားကို မိုင်းခွဲတာဆိုတော့လည်း သိတဲ့အတိုင်းပဲပေါ့ဗျာ။ အသံကတော့ အကျယ်ကြီးပဲ။ တံတားအလယ်က အကုန်လုံးကျိုးကျသွားတာ။ ထိခိုက်ဒဏ်ရာရတာတွေ မရှိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အလျား ၅ ပေ၊ အကျယ်ပေ ၄၀ ရှိ တံတားသည် အလယ်မှ ကျိုးကျသွားခဲ့သဖြင့် ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here