တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် လက်ကားဈေးကြီးများ တည်ဆောက်မည်

0
222

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးအချို့တွင် လက်ကားဈေးကြီးများ တည်ဆောက်ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ပြောသည်။

ဇူလိုင်လ (၃) ရက်က ပြုလုပ်သည့် MAEX ၏ ရှယ်ယာများ ရန်ကုန်စတော့ အိတ်ချိန်းတွင် အရောင်း အဝယ်စတင်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပုသိမ်၊ မြဝတီ၊ မော်လမြိုင်၊ မန္တလေး၊ နေပြည်တော်၊ အောင်ပန်း၊ တောင်ကြီးနှင့်မူဆယ်မြို့များတွင် လက်ကားဈေးကြီးများတည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်။

အဆိုပါ ဈေးကြီးများကို တညင်းကုန်း လက်ကားဈေးကြီး တည်ဆောက်မှု အလုံးစုံပြီးစီးသွားပါက ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တည်ဆောက်ဆဲဖြစ်သည့် တညင်းကုန်းလက်ကားဈေးကြီးတွင် ဈေးရုံ (၄) ရုံ တည်ဆောက်ထားပြီးဖြစ်ကာ နောက်ထပ် ဈေးရုံသစ် (၄) ရုံ ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here