ဇလန်းစကီးနှင့်တုကီယေးသမ္မတတို့ ဂျုံတင်ပို့မှုသဘောတူညီချက်နှင့်အကျဉ်းသားလဲလှယ်ရေးဆွေးနွေးမည်ဟုဆို

0
119

အီစတန်ဘူလ်၊ဇူလိုင် ၇

ယူကရိန်းသမ္မတနှင့်တုကီယေးသမ္မတတို့သည် ပင်လယ်နက်သဘောတူညီချက်၏သက်တမ်းတိုးမှုနှင့် မော်စကိုနှင့်ကိဗ်အကြား အကျဉ်းသားလဲလှယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဆွေးနွေးသွားရန်ရှိကြောင်း တုကီယေးအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီးအနေဖြင့် တုကီယေးသမ္မတနှင့်တွေ့ဆုံပါက ယူကရိန်းနှင့်ရုရှားအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းဂျုံများကို ဘေးကင်းစွာတင်ပို့နိုင်ရေးအတွက် အဓိကဆွေးနွေးသွားနိုင်သည်ဟုလည်းသိရသည်။

သို့သော်ရုရှားအနေဖြင့်မူ ပင်လယ်နက်သဘောတူညီချက်၌ ၎င်း၏ပို့ကုန်များအတွက် အဓိကထားဆောင်ရွက်ပေးခြင်းမရှိသဖြင့် လာမည့်ဇူလိုင် ၁၇ ရက်နေ့သက်တမ်းပြည့်ပြီးပါက နောက်ထပ်သက်တမ်းတိုးပေးရန်မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံသမ္မတများသည် ပင်လယ်နက်သဘောတူညီချက်နှင့်အကျဉ်းသားလဲလှယ်ရေးအပါအဝင် ယူကရိန်းနှင့်ရုရှားတို့အကြား စစ်ပွဲကိုလုံးဝရပ်တန့်သွားရေးကိုပါဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် သောကြာနေ့၌တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

တုကီယေးသမ္မတအာဒိုဂန်အနေဖြင့် ယူကရိန်းသမ္မတဇလန်းစကီးနှင့်ဆွေးနွေးပြီးပါက ရုရှားသမ္မတနှင့်ပါဖုန်းဖြင့်ဆက်သွယ်ပြောဆိုနိုင်သည်ဟုခန့်မှန်းထားကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here