အမြန်လမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသံဘယ်ရီယာတုံးများအား ဝင်တိုက်မိပြီး လူ (၁)ဦး သေဆုံးကာ (၆) ဦးဒဏ်ရာရ

0
105

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Honda ODYSSEY အမျိုးအစား အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသံဘယ်ရီယာတုံးများအား ဝင်တိုက်မှု ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုမှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၀၅/၃) နှင့် (၃၀၅/၄) အကြားတွင် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ သီကုန်းအမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း (၁၀)ဦးအနက် အမျိုးသား (၁)ဦး သေဆုံးပြီး အမျိုးသား (၃)ဦး အမျိုးသမီး(၂)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ခဲ့သည့်အတွက် 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here