2024 Paris Olympics ကိုဝင်နိုင်ရန် အကောင်းဆုံးကြိုးစားနေတဲ့ သက်ထားသူဇာ

0
112

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ 2024 Paris Olympics ကိုဝင်နိုင်ရန် အကောင်းဆုံးကြိုးစားနေတယ်လို့ ဇူလိုင် ၇ ရက်မှာ အသိပေးလာပါတယ်။

“2023 ခုနှစ်ရဲ့ ပထမ ၆လတောင်ပြီးသွားခဲ့ပြီ၊ သက်ထားရဲ့ လက်ရှိ Goal ဖြစ်တဲ့ 2024 Paris Olympics ကိုဝင်နိုင်ဖို့အတွက် သက်ထားလိုတဲ့အမှတ်တွေစုဆောင်းနိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး ပြိုင်ပွဲတွေမှာ ပါဝင်နေပါတယ်” လို့ သက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သက်ထားသူဇာဟာ ၂၀၂၃ ခုနှစ် နှစ်၀က်အတွင်း ပြိုင်ပွဲစုံ ၉ ပွဲ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သလောက် အောင်မြင်မှုတွေလည်း ရရှိခဲပြီး Seagame မှာလည်း ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ လက်ရှိမှာတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၆ မှာ ရပ်တည်နေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here