MAI လေကြောင်းလိုင်းမှ ယခုလအတွင်း ရန်ကုန်- ကွာလာလမ်ပူခရီးစဉ်ကို ထပ်တိုးပြေးဆွဲမည်

0
287

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) က ယခုဇူလိုင်လအတွင်း မလေးရှားနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်ဖြစ်သည့် ရန်ကုန်- ကွာလာလမ်ပူ ခရီးစဉ်ကို ထပ်တိုးပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

ယင်းခရီးစဉ်ကို လာမည့် ဇူလိုင်လ ၁၅ ရက်မှစတင်ပြီး ထပ်မံတိုးချဲ့ကာ အပတ်စဉ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် မလေးရှားနိုင်ငံတို့တွင် စဉ်ဆက်မပြတ်ခရီးသွားလာမှုများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ရန်ကုန်- ကွာလာလမ်ပူခရီးစဉ်ကို တိုးချဲ့ပျံသန်းပေးခြင်းဖြစ်ပြီး တစ်ပတ်လျှင် အကြိမ်အရေအတွက် (၁၁) ကြိမ်အထိ တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI အနေဖြင့် လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြုပြီး ပြည်တွင်းရှိ မြို့များအပြင် နိုင်ငံတကာခရီးစဉ်အနေဖြင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယားအပါအဝင် မြို့ပေါင်း ၂၇ မြို့ကို လေယာဉ် (၁၀) စီးဖြင့် ပုံမှန်ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here