ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ပေ ၇၀ ခန့်နက်သည့် ချောက်အတွင်းသို့ Light Truck ကားထိုးကျပြီး လူ (၅) ဦးဒဏ်ရာရ

0
172

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ပေ ၇၀ ခန့် နက်သည့်ချောက်အတွင်းသို့ ဇူလိုင်လ ၈ ရက်(ယနေ့) နံနက် ၁၀နာရီခန့်က Light Truck ကား အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

“ပြည်ထောင်စုလမ်းမကြီးပေါ် ဂုတ်တွင်းအဆင်းက ကျောက်မဲရေကန်အကျော် တံတားကွေ့ကနေ ပြုတ်ကျပြီး မှောက်သွားတာပါ။ တံတားအကွေ့ဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာ။ မိတ်ဖက်အသင်းနဲ့ပေါင်းပြီး ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ပေးခဲ့ပါတယ် ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ် (၂) ဦး၊ ယာဉ်မောင်းနှင့် အမျိုးသမီး(၂) ဦးတို့အား ကမ်းလင့်လက်များလူမှုကူညီရေးအသင်း၊ အဖြူရောင်နှလုံးသားပရဟိတအသင်းတို့မှ ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here