ယူကရိန်းသည် နေတိုးအဖွဲ့ဝင်အဖြစ် ထိုက်တန်သည်ဟု တူရကီသမ္မတ အာဒိုဂန် ပြောကြား

0
139

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်အဖြစ် ထိုက်တန်သည်ဟု တူရကီသမ္မတ အာဒိုဂန်က ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် ဖွင့်ဟပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံ၌ ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသို့ ဇလန်းစကီးလည်းတက်ရောက်ရာ ယင်းအစည်းအဝေးမတိုင်မီ ယခုသီတင်းပတ်အတွင်း ဇလန်းစကီးသည် နေတိုးနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယူကရိန်းနိုင်ငံအား နေတိုးသို့ပူးပေါင်းရန် ကမ်းလှမ်းမှုကို တူရကီက ထောက်ခံကြောင်း ကြားသိရသည့်အတွက် အတိုင်းမသိဝမ်းမြောက်ကြောင်း ဇလန်းစကီးက ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

နေတိုးတွင် တံခါးဖွင့် မူဝါဒရှိပြီး အမှန်တကယ် ပူးပေါင်းရန်စိတ်ဝင်စားပါက မည်သည့်နိုင်ငံကိုမဆို ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်နိုင်ကြောင်း၊ ဆိုလိုသည်မှာ မဟာမိတ်၏ ထူထောင်ရေး သဘောတူစာချုပ်၏ အခြေခံမူများကို လိုက်နာရန် ဆန္ဒရှိသရွေ့ ပါဝင်နိုင်ကြောင်း သိရသည်။ သို့သော်လည်း စည်းမျဉ်းစည်းကမ်းများအောက်တွင် မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နိုင်ငံအသစ်တစ်ခု ပါဝင်ခြင်းအား ဗီတိုအာဏာသုံး၍ပယ်ချနိုင်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here