မော်လမြိုင်မြို့ နေအိမ် (၂) အိမ်အတွင်းမှ ကျပ်သိန်း ၃၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
192

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်နှင့် မြိုင်သာယာရပ်ကွက်ရှိ နေအိမ် (၂)အိမ်အတွင်းမှ ကျပ်သိန်း ၃၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ မယ်ဇလီလမ်းနေ ဇာနည်အောင် (၃၄)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ည ၇ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၇)လမ်းနေ မင်းမြင့်နိုင်(၅၀)နှစ်၏ နေအိမ်အား ထပ်မံဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၅၀၀၀၀ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ဖမ်းဆီးရမိသူ (၂) ဦးအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here