မြောက်ဒဂုံတွင် ငွေကျပ်၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိ

0
149

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) တွင် ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလိုကို ဇူလိုင်လ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြောက်ဒဂုံ (၄၆) ရပ်ကွက်၊ ရွှေလီ(၁)လမ်းတွင် အောင်ကျော်ထွန်း(ခ)အောင်ဟိန်း မောင်းနှင်ပြီး တင်ကိုလတ် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ််ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲအချိန် ဖမ်းဆီးရမိတရားခံ အောင်ကျော်ထွန်း(ခ)အောင်ဟိန်း နေထိုင်သည့် မြောက်ဒဂုံ (၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိနေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၆ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ကာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here