ရခိုင်ပြည်နယ်မှတောင်သူလယ်သမားများအတွက် မျိုးစပါး ၁၄၀၀၀ တင်းအား တတိယအကြိမ်ပို့ဆောင်

0
139

“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှတောင်သူလယ်သမားများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် မျိုးစပါး ၁၄၀၀၀ တင်းအား ဇူလိုင် ၈ ရက်က တတိယအကြိမ်အဖြစ် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊မော်ကျွန်းနှင့်ဖျာပုံမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်းအား တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်တင်ဆောင်၍ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မျိုးစပါးများကို ကူညီတင်ဆောင်ပေးခဲ့ကြကာ ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက်လိုအပ်သည့် မျိုးစပါးများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှတင်ပို့ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here