သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ (၂) ဦး ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး

0
248

သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်း(၂၃)နှစ်နှင့်ကျော်သူရ(ခ)အီးတီ (၃၀)နှစ်တို့သည် ဇူလိုင် (၆) ရက်နံနက်ပိုင်းက ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းစီးရာမှ သေဆုံးသွားကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဇူလိုင် (၆) ရက် နံနက် (၁၁) နာရီခန့်က ကောင်းဇာနည်ဟိ န်း(ခ)လပြည့်ဦး (ခ)ကောင်းကောင်းနှင့် ကျော်သူရ(ခ)အီးတီတို့၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း လက်နက်ခဲယမ်းများသိုဝှက်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့အားခေါ်ဆောင်၍ သွားရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

လုံခြုံရေး အဖွဲ့ဝင်များက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းရှိ ခြုံပုတ်အတွင်း၌ သိုဝှက်ထားသည့် လက်နက်ခဲယမ်းများအား ရှာဖွေနေစဥ် ကောင်းဇာနည်ဟိန်း (ခ)လပြည့်ဦး(ခ)ကောင်းကောင်းနှင့်ကျော်သူရ (ခ)အီးတီတို့မှ လုံခြုံရေးအဖွဲ့ဝင်များကို တွန်းထိုးတိုက်ခိုက်၍ ထွက်ပြေးသွားခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

ယင်းသို့ ထွက်ပြေးသွားသည့်အတွက်ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ရပ်တန့်ရန် တားဆီးခဲ့သော်လည်း ဆက်လက်ထွက်ပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ (၂) ဦးစလုံးသည် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ ဆက်လက်ရှာဖွေမှုကြောင့် ခြုံပုတ်အတွင်းမှ FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၉ တောင့်နှင့် လက်ပစ်ဗုံး၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here