ခရီးသည်တင် (Express) ယာဉ်က ဆိုင်ကယ်နှစ်စီးအားတိုက်မိ၍ ဆိုင်ကယ်မောင်းသူ (၂) ဦးလုံးသေဆုံး

0
262

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဘားအံ – သထုံသွားကားလမ်းပေါ်တွင် ဇူလိုင် (၈) ရက်နေ့လယ်ပိုင်းက ခရီးသည်တင် Express ယာဉ်နှင့် မော်တော်ဆိုင်ကယ် (၂) စီး တိုက်မှုဖြစ်ပွားကာ အမျိုးသား (၂) ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ (၈) ရက် မွန်းလွဲ (၃) နာရီ (၁၅) ဘားအံ – သထုံသွား ကားလမ်းအတိုင်း ဘားအံမြို့ဖက်မှ မောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင် (Express) ကားသည် ဆယ်မိုင်ကျေးရွာအနီးရှိ ဒုံသမိ တံတားအနီးအရောက်တွင် ဆိုင်ကယ် (၁) စီးအား ဦးစွာတိုက်မိပြီးနောက် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် (၁) စီးအား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား ၂ ယောက်လုံး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့လူတစ်ယောက်ဆိုရင် အခြေအနေတော်တော်ဆိုးတယ်။ ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင်ဖြစ်သွားတာ”ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောသည်။

သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများအား နောင်ကျန်ဂူဝ မာဃ လူမှုကူညီရေးအသင်းနှင့် မြိုင်ကလေးမာဃ လူမှုကူညီရေးအသင်းတို့မှ ဘားအံပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here