လော့ဆန်းဂျလိစ်အနီး ကိုယ်ပိုင်ရဟတ်ယာဉ်ငယ်ပျက်ကျ၊ လေယာဉ်ပေါ်ရှိလူခြောက်ဦးလုံးသေဆုံး

0
220

လော့ဆန်းဂျလိစ်၊ဇူလိုင် ၉

လော့ဆန်းဂျလိစ်မြို့အနီးရှိ လေဆိပ်တစ်ခုအနီး၌ ဇူလိုင် ၈ ရက်နေ့ကဂျက် လေယာဉ်ငယ်တစ်စီးပျက်ကျပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ရှိ လူခြောက်ဦးစလုံးသေဆုံးခဲ့ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းသုံးအဆိုပါဂျက်‌ လေယာဉ်သည် လပ်စ်ဗီးဂတ်စ်မှထွက်ခွာလာပြီး French valley လေဆိပ်အနီးတွင်ပျက်ကျသွားခြင်းဖြစ်ကြောင်းသိရှိရသည်။

သေဆုံးသွားသောခရီးသည်များနှင့် လေယာဉ်မှူးတို့မှာ အရွယ်ရောက်ပြီးသူများသာဖြစ်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့၏ လေကြောင်းစုံစမ်းစစ်ဆေးရေးမှူး အယ်လီးယောတ် ဆင်မ်ဆန် က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်မတိုင်မီ ဇူလိုင်လ ၄ ရက်နေ့ကလည်း ခရီးသည်လေးဦးနှင့် လေယာဉ်မှူးတစ်ဦးတို့ပါဝင်သော လေယာဉ်ငယ် တစ်စီးပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးကာခရီးသည်လေးဦးဒဏ်ရာရခဲ့မှုလည်းဖြစ်ပွားခဲ့သေးသည်။

ယခုစနေနေ့အဖြစ်အပျက်၌မူ လေယာဉ်ပျက်ကျပြီးနောက် လေယာဉ်အမြီးမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံး မီးလောင်ကျွမ်းခဲ့သည်ဟုလည်း မစ္စတာ ဆင်မ်ဆန်ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here