အာဇာနည်နေ့အခမ်းအနား၌ ရန်ကုန်မြို့ရှိ လမ်းအချို့အား ယာယီလမ်းပိတ်/လမ်းလွဲပြုလုပ်မည်

0
332

ရန်ကုန်မြို့၌ ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားကျင်းပချိန်၌ လမ်းအချို့အား ယာယီလမ်းပိတ်/လမ်းလွဲပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ခဲ့သည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်ကျင်းပမည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့်ဦးဝိစာရလမ်းဆုံမှ၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့်အာဇာနည်လမ်းဆုံမှ၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်း ဆုံအထိနှင့်ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေး ဆေးကန်)လမ်းတို့အား ယာယီလမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ဖွင့်လှစ်မည့်နေရာအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှ၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှ၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံတို့မှ ယာယီပိတ်ကာ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အတူ အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှည ၆ နာရီအတွင်း သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံတို့မှ လမ်းပိတ်ထားမည်ဖြစ်သည်။

ထို့ကြောင့် ယာဉ်မောင်းသူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲဆောင်ရွက်နေသည့်အချိန်များ၌ အခြားသင့်လျော်သည့် လမ်းများမှမောင်းနှင်သွားလာကြရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြိုတင်အသိပေးနှိုးဆော်ခဲ့သည်။

ပုံစာ- ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားပုံရိပ်များ
PHOTO -MOI


LEAVE A REPLY

Please enter your comment!
Please enter your name here