One Championship မှာ တတိယမြောက်ပွဲစဉ် ထိုးသတ်မယ့် ထွန်းမင်းနိုင်

0
124

ထွန်းထွန်းမင်းရဲ့ညီဖြစ်တဲ့ ထွန်းမင်းနိုင်ခေါ် Suleiman ဟာ သူ့ရဲ့ One Championship မှာတတိယမြောက်ပွဲစဉ်အဖြစ် ထပ်မံထိုးသတ်တော့မယ်လို့ သိရပါတယ်။

ထွန်းမင်းနိုင်ရဲ့ One Championship တတိယမြောက်ပွဲစဉ်ကို မလေးရှားဖိုက်တာနဲ့ လာမယ့် ဇူလိုင်လ ၁၄ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

ဒီပွဲအတွက်လည်း အကောင်းဆုံးဖြစ်ဖို့ကြိုးစားနေပါတယ်လို့ ထွန်းမင်းနိုင်က အသိပေးထားပါတယ်။

ထွန်းမင်းနိုင်ဟာ ရှေ့မှာ ထိုးသတ်ခဲ့တဲ့ One Championship ၂ ပွဲလုံးမှာ တစ်ပွဲကို အလဲထိုး၊ တစ်ပွဲကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here