ဘားအံ – သထုံ သွားကားလမ်းပေါ် ဘုရင့်ညီဂူအနီးရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

0
140

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံ – သထုံသွား ကားလမ်းပေါ် ဘုရင့်ညီဂူအနီးရှိ တံတားတစ်စင်းအား လက်နက်ကိုင်အဖွဲ့ဝင်များက ဇူလိုင်လ (၉) ရက်၊ ညပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည (၁) နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဘားအံ – သထုံသွားကားလမ်းမပေါ် ဂူဝကျေးရွာအနီး ဝါးဘိုးတောနှင့် ဘုရင့်ညီဂူကြားရှိ တံတားအမှတ် ၁/၁၃ အား မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“ညကအိပ်ပျော်နေတဲ့ အချိန် ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရလို့ နိုးသွားတာ။ ညနက်ပိုင်းဖြစ်နေတော့ ဘာကြောင့်ပေါက်တယ်၊ ဘယ်နေရာမှာ ပေါက်တယ်ဆိုတာမသိဘူး။ မနက်ကမှ လုံခြုံရေးအဖွဲ့တွေ အများကြီးရောက်လာတာကိုတွေ့လို့ လိုက်မေးကြည့်တော့မှ တံတားဖောက်ခွဲခံရတာကို သိတာ။ တွေ့ရသလောက်ဆိုရင် တံတားက ကားလေးတွေတောင် ဖြတ်သွားလို့မရတော့ဘူး “ဟု ဒေ သခံတစ်ဦးက ပြောကြားသည်။

မိုင်းခွဲခံရမှုကြောင့် တံတား၏ လက်ရမ်းများနှင့် တံတားအောက်ခြေများ ပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်၌ ဖြတ်သန်းသွားလာ၍ မရကြောင်းနှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here