ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနရုံးတို့ Drop Bomb ဖြင့် ဖောက်ခွဲခံရ

0
154

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနရုံးတို့အား လက်နက်ကိုင်အဖွဲ့ဝင်များက Drone ယာဥ်အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ဇူလိုင်လ (၇) ရက်၊ နံနက် (၁၁) နာရီခန့်က ကျိုက်ဒုံမြို့အတွင်းသို့ Drone ယာဥ် (၂) စီး အသုံးပြုကာ Deop Bomb (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ Drop Bomb (၁) လုံးမှာ ဟောင်သရောခန်းမပေါ်နှင့် ကျန် (၁)လုံးမှာ ကျေးလက်ကျန်းမာရေးဌာနရုံးပေါ်သို့ ကျရော က်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဟောင်သရောခန်းမရော ကျေးလက်ကျန်းမာရေးရုံးရောရဲ့ အမိုးသွပ်တွေ မျက်နှာကျက်နဲ့ လေကာမှန်တွေပျက်ဆီးသွားတယ်။ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနရုံးသည် မေလ (၂၇) ရက်ကလည်း Drop Bonb ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် အဆောက်အအုံ၊ ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် စာရွက်စာတမ်းများလည်း မီးလောင်ပျက်ဆီးခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here