တာချီလိတ်မြို့တွင် ကားတစ်စီးပေါ်မှ ကျပ်သိန်း ၆၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး ၅ ဒသမ ၉ ကီလို ဖမ်းဆီးရမိ

0
78

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဇူလိုင်လ (၆) ရက်၊ ညပိုင်းက TOYOTA REVO ကားပေါ်မှ ငွေကျပ်သိန်း ၆၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး (Happy Water) ၅ ဒသမ ၉ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ ည (၆) နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် စိုင်းဝန်းကျောက် မောင်းလာသည့် TOYOTA REVO ကားကို ရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်မှ တာချီလိတ်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း ၆၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး (Happy Water) ၅ ဒသမ ၉ ကီလိုအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here