ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုအားခွင့်ပြုပေးခဲ့သည့်အတွက် IAEA အားမြောက်ကိုရီးယားဝေဖန်ရှုံ့ချ

0
118

ဆိုးလ်၊ဇူလိုင် ၉

ဂျပန်၏ ဖူကူရှီးမားနျူစက်ရုံမှသန့်စင်ထားသောရေဆိုးများကို စွန့်ထုတ်ရန်ခွင့်ပြုခဲ့သည့်အတွက် ကုလသမဂ္ဂ၏နျူစောင့်ကြည့်ရေးအဖွဲ့ (IAEA)ကို မြောက်ကိုရီးယားက ဇူလိုင်လ ၉ ရက်နေ့ကပြစ်တင်ဝေဖန်ရှုံချခဲ့သည်ဟုသိရှိရသည်။

လာမည့်ဆယ်စုနှစ်ကာလများအတွင်း ဂျပန်နိုင်ငံမှဆူနာမီဒဏ်ခံ ဖူကူရှီးမားနျူစက်ရုံမှ သန့်စင်ထားသောရေဆိုးများအား ပင်လယ်ထဲသို့စွန့်ထုတ်ရန်တောင်းဆိုခဲ့သည့် တိုကျို၏အစီအစဉ်အား နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကခွင့်ပြုပေးခဲ့သည်။

အဆိုပါအစီအစဉ်ကြောင့် အိမ်နီးချင်းနိုင်ငံများအား စိုးရိမ်စိတ်များမြင့်တက်လာစေပြီး တရုတ်နိုင်ငံက ဂျပန်၏အစားအစာနှင့်ရေထွက်ပစ္စည်းတင်ပို့မှုအား တင်းကြပ်မှုမြှင့်တင်ခဲ့ကာ တောင်ကိုရီးယား၌လည်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။

နျူစက်ရုံမှသန့်စင်ထားသောရေကိုစွန့်ထုတ်ခြင်းသည် လူသားတို့၏အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအပါအဝင် ဂေဟဗေဒပတ်ဝန်းကျင်အပေါ် ဆိုးရွားသောအကျိုးသက်ရောက်မှုများရှိလာလိမ့်မည်ဟု ပြုံယမ်း၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ဂျပန်ရဲ့ညစ်ညမ်းနေတဲ့နျူသန့်စင်ရေကိုစွန့်ထုတ်ဖို့ အခုလိုအလွယ်တကူခွင့်ပြုလိုက်တဲ့လုပ်ရပ်ဟာ ဘယ်လိုမှစဉ်းစားလို့မရနိုင်တဲ့ IAEA ရဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အပြုအမူတစ်ခုပါပဲ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

သို့သော် IAEA အကြီးအကဲ မစ္စတာဂရော်ဆီကမူ ယခုကဲ့သို့ခွင့်ပြုလိုက်ခြင်းသည် သာမန်ခွင့်ပြုခြင်းမျိုးမဟုတ်ဘဲ လုံခြုံစိတ်ချရသောစွန့်ထုတ်မှုမျိုးဖြစ်စေရန် အဆင့်တိုင်း၌ ၎င်းတို့ကစောင့်ကြည့်နေမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here