မက္ကဆီကို ပင်လယ်ကွေ့၏ ကမ်းလွန်ရေနံထုတ် စင်မြင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ ၊ရေနံစည်ပေါင်း ၇ သိန်းခန့် ဆုံးရှုံး

0
164

မက္ကဆီကို ပင်လယ်ကွေ့၏ တောင်ဘက်အစွန်းရှိ ကမ်းလွန် ရေနံပလက်ဖေါင်း တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ ရေနံစည်ပေါင်း ၇ သိန်း ဆုံးရှုံးခဲ့ရကြောင်း မက္ကဆီကို ရေနံကုမ္ပဏီ ပဲမက်စ်အမှုဆောင်အရာရှိချုပ် အုတ်တာဗီယို ရိုမီယို က ပြီးခဲ့သည့်အပတ် စနေနေ့တွင် ပြောကြားခဲ့သည်။

ပဲမက်စ်ပိုင် Nohoch-A ရေနံထုတ် ပလက်ဖေါင်းတွင် ဇူလိုင်လ ၇ ရက် သောကြာနေ့က မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်လူတစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ရိုမီယို၏ ပြောဆိုချက်အရ မီးသတ်လှေများ အလျင်အမြန် ရောက်ရှိလာသောကြောင့် အခြားစင်မြင့်များသို့ မီးမကူးစက်ခင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ရှိ ရေနံတွင်းအားလုံးကို ပိတ်လိုက်ရသည့်အတွက် ရေနံစည်ပေါင်း ၇ သိန်း ဆုံးရှုံးခဲ့ရကြောင်း ရိုမီယိုက တွစ်တာပေါ်၌ ရေးသားခဲ့သည်။ အဆိုပါနေရာသည် တစ်နေ့ကို ရေနံစည်ပေါင်း ၁ သိန်း ၇ သောင်းခန့် ထုတ်ပေးနေသောကြောင့် ဆုံးရှုံးနစ်နာမှု များခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကလည်း ပဲမက်စ်ပိုင် ရေနံထုတ်စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ပြီး တစ်နေ့ကို ရေနံစည်ပေါင်း ၄ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Source:Oil Price


LEAVE A REPLY

Please enter your comment!
Please enter your name here