ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား ကျေးရွာလူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် တစ်ရွာလျှင် ကျပ်သိန်း (၁၅၀) စီထောက်ပံ့မည်

0
136

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား ကျေးရွာလူမှုဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် တစ်ရွာလျင် ကျပ်သိန်း (၁၅၀) စီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အနေဖြင့် ထောက်ပံ့ပေးရန်စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများဖြင့် ကျေးရွာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျေးရွာတွင်းရှိ လမ်းများ ၊ တံတားများ၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here