ထိုင်းကို နောက်ကျဂိုးဖြင့်အရေးနိမ့်ခဲ့သော်လည်း မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း ဆီမီးဖိုင်နယ်တက်ရောက်

0
182

ထိုင်းကို နောက်ကျဂိုးဖြင့်အရေးနိမ့်ခဲ့သော်လည်း မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယူ-၁၉ အုပ်စုဒုတိယပွဲစဥ်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို မိနစ် (၉၀) တွင် နောက်ကျဂိုး ပေးလိုက်ရသည့်အတွက် (၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည်ဆီမီးဖိုင်နယ်တွင် အိမ်ရှင် အင်ဒိုနီးရှားနှင့်လာမည့် ဇူလိုင်လ ၁၃ ရက်တွင် ရင်ဆိုင် ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here