တရုတ်ပြည်အလယ်ပိုင်း အဝေးပြေးလမ်းမြေပြိုမှုကြောင့်တစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေ

0
101

ပေကျင်း၊ဇူလိုင် ၁၀

တရုတ်နိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် မြေပြိုကျမှုကြောင့် လူတစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများက ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။

လူခြောက်ဦးအား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သော်လည်း ၎င်းတို့သည်ဒဏ်ရာများရရှိထားကြကြောင်းသိရှိရသည်။

တရုတ်နိုင်ငံ၏အရေးပေါ်အခြေနေစီမံခန့်ခွဲရေးဝန်ကြီးဌာနက ၎င်းဖြစ်စဉ်အား အဆင့် (၄) အရေးပေါ်အခြေနေအဖြစ်သတ်မှတ်ပြီး အခြေနေကိုထိန်းချုပ်ကိုင်တွယ်စေခဲ့ကြောင်းသိရှိရသည်။

ယင်းနောက် အရေးပေါ်အခြေနေစီမံခန့်ခွဲရေးဝန်ကြီးက သက်ဆိုင်ရာဒေသအာဏာပိုင်များအား မြေပြိုမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကိုစုံစမ်းရန်လည်းညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံ၏ပြည်နယ်များ၌ ယခုအပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လူသေစေလောက်သောမြေပြိုမှုများဖြစ်ပွားခဲ့သည်။ပြီးခဲ့သည့်လကလည်း စီချွမ်ဒေသ မိုင်းလုပ်ကွက်အတွင်းမြေပြိုမှုကြောင့်လည်း လူ ၁၉ ဦးသေဆုံးခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here