ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၂) ဦး အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံရ

0
177

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၂) ဦးသည် ဇူလိုင်လ (၁၀) ရက်၊ နံနက် (၆) နာရီခွဲခန့်က အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၅) ဦး လိုက်ပါလာသည့် ပစ်ကပ်ကားတစ်စီးကို ထိုင်းယာဥ်ထိန်းရဲများက အယုဒ္ဓယခရိုင်၊ ဝမ်နွှဲ့မြို့၊ ဖဟွန်ယိုထင်လမ်းပေါ်တွင် စစ်ဆေးရန် တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့တားဆီးစဥ် ပစ်ကပ်ကားမှာ ရပ်တန့်ခြင်းမရှိဘဲ အနီးရှိ လမ်းသွယ်အတွင်းသို့ မောင်းဝင်ထွက်ပြေးခဲ့သည့်အတွက် လိုက်လံဖမ်းဆီရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား (၁၂) ဦးသည် ထိုင်းနိုင်ငံ ၊ ပထုမ်ဌာနီခရိုင်နှင့် ဘန်ကောက်မြို့တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပေးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများနှင့် တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန်နှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် တာဝန်ရှိသူများက အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here